Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်း- ​သထုံမြို့၊ ရွှေစာရံစေတီတော်မြတ်ကြီး၏ ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာနှင့် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်မှုရေစက်ချ တရားတော်နာ မင်္ဂလာအခမ်းအနား၊ (၇၄) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့အခမ်းအနား၊ ၂၀၂၃ ခုနှစ်၊ သာသာနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်လှူပွဲ အခမ်းအနား တက်​ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်း- ​သထုံမြို့၊ ရွှေစာရံစေတီတော်မြတ်ကြီး၏ ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာနှင့် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်မှုရေစက်ချ တရားတော်နာ မင်္ဂလာအခမ်းအနား၊ (၇၄) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့အခမ်းအနား၊ ၂၀၂၃ ခုနှစ်၊ သာသာနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်လှူပွဲ အခမ်းအနား တက်​ရောက်

by Mon Editor
မော်လမြိုင်၊ မတ် ၅
မွန်ပြည်နယ်အတွင်း တန်းခိုးကြီး ဘု​ရား​စေတီပုထိုးများစွာတည်ရှိသည့်အနက်မှ သထုံမြို့တွင် တည်ထားကိုးကွယ်​တော်မူ​သော ရွှေစာရံစေတီတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာနှင့် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်မှုရေစက်ချ တရားတော်နာ မင်္ဂလာအခမ်းအနားကို ​မတ်လ ၅ ရက်​နေ့၊ နံနက်ပိုင်းက သထုံမြို့ သုဝဏ္ဏဘူမိ သာသနာ့ဗိမ္မာန်တော်၌ကျင်းပပြုလုပ်ခဲ့ရာ ဆရာ​တော်၊ သံဃာ​တော် အရှင်သူမြတ်များ၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ အလှူရှင်များတက်​ရောက်သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်မှ ​ရွှေစာရံစေတီ​တော်မြတ်ကြီးကို ဖူး​မြော်ကြည်ညို၍ ပန်း၊ ဆီမီး၊ ‌ရေချမ်း ကပ်လှူပူ​ဇော်သည်။
ဆက်လက်ပြီး ​ရွှေစာရံစေတီတော်မြတ်ကြီး၏ ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာနှင့် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်မှုရေစက်ချ တရားတော်နာ မင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်ရာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်၍ သထုံမြို့​၊ သဒ္ဓမ္မဇောတိကာရာမကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် နိုင်ငံတော် ဗဟိုသံဃဝန်ဆောင် ဘဒ္ဒန္တသုမနာဘိဝံသထံမှ ငါးပါးသီလ​တော်မြတ်အား ခံယူ​ဆောက်တည်ခဲ့ကြပြီး သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်မူသော ပရိတ် တရားတော်များ နာယူကြည်ညို၍ ဆရာ​တော်အရှင်သူမြတ်များထံ ပြည်နယ်ဝန်ကြီချုပ်နှင့် ပြည်နယ်ဝန်ကြီးတို့မှ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့​နောက် ရွှေစာရံစေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်မှုနှင့် လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာ တရားနာယူ ကြည်ညို၍ ရေစက်သွန်းချ အမျှ ပေးဝေခဲ့ကြကာ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု”သုံးကြိမ်ရွတ်ဆိုဆုတောင်း၍  ရုပ်သိမ်းခဲ့သည်။
အဲဒီ​နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ အလှူရှင်များက ဆရာ​တော်၊ သံဃာ​တော် အရှင်သူမြတ်များကို ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ​လောင်းလှူခဲ့ကြသည်။
အဲဒီကမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် ယ​နေ့နံနက်ပိုင်းက သထုံမြို့နယ်၊ နောင်ကုလားကျေးရွာရှိ ပအိုဝ်းတိုင်းရင်းသား ခန်းမ၌ ကျင်းပပြုလုပ်သည့် (၇၄) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားသို့ တက်​ရောက်၍ ဦးစွာ သဘာပတိအဖွဲ့ဝင်  တစ်ဦးမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အ​နေဖြင့် တိုင်းရင်းသားလူမျိုးများ၏  လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘာသာစကား၊ စာပေယဉ်ကျေးမှုများ တိုးတက်မြင့်မားရေးတို့အတွက် အစဉ်တစိုက် အထူးအ​လေး​ပေး​ ဆောင်ရွက်လျက်ရှိ​ကြောင်း၊ ပအိုဝ်းတိုင်းရင်းသားများ၏ ဘာသာ၊ သာသနာ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတို့ကို နက်နက်ရှိုင်းရှိုင်းမြတ်နိုးခြင်းသည် ဂုဏ်ယူဖွယ်ရာဖြစ်ခြင်းကြောင့် ယင်းအစဉ်အလာကို မျိုးဆက်သစ်လူငယ်မောင်မယ်များအား လက်ဆင့်ကမ်းအမွေ စနစ်တကျပေးအပ်နိုင်ရေး ဆောင်ရွက်​ပေးကြရန် လိုအပ်ပြီး မိမိတို့ ဘာသာစကား၊ စာပေယဉ်ကျေးမှု မြင့်မားရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းကြစေလိရန် တိုက်တွန်းလိုပါ​ကြောင်း ၊ ပြည်နယ်၏အကျိုး ပြည်ထောင်စု၏အကျိုးတို့ကို အခြားသော တိုင်းရင်းသားတို့နဲ့အတူ ဝိုင်းဝန်းသယ်ပိုး ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုမွန်​ကောင်း တောင်းပါ​ကြောင်းဖြင့် အမှာစကား​ပြောကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းရင်းသားလူမျိုးများ‌ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံမှ‌ပေးပို့သည့် ၇၄ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ ဂုဏ်ပြုသဝဏ်လွှာအား ပြည်နယ်တိုင်းရင်သားရေးရာဝန်ကြီးက ဖတ်ကြားကာ နောင်ကုလားကျေးရွာ ဒေသခံတစ်ဦးက ပအိုဝ်းအမျိုးသားနေ့ ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ကျေးဇူးတင်စကား ပြောကြားခဲသည်။
အဲဒီနောက် ပြည်နယ်ကြီးချုပ်က ပအိုဝ်းအမျိုးသားနေ့ကျင်းပနိုင်ရေးအတွက် ထောက်ပံ့သည့် ငွေများ ပေးအပ်ခဲ့ပြီး ပအိုဝ်း ရိုးရာယဉ်ကျေးမှုအဖွဲ့များက တိုင်းရင်းသားရိုးရာယဥ်‌ကျေးမှု အကအလှများဖြင့် ​ဖျော်​ဖြေတင်ဆက်ခဲ့ကြမှုအ​ပေါ် ကြည့်ရှုအား​ပေးခဲ့ကြသည်။
၂၀၂၃ ခုနှစ်၊ သာသာနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်လှူပွဲ အခမ်းအနားကို ယ​နေ့မွန်းလွဲပိုင်းက ​မော်လမြိုင်မြို့၊ ပရိယတ္တိဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ဧည့်ပရိတ်သတ် များတက်​ရောက်၍ ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး ထူးမခြားနား သီးချင်းခံ ဂုဏ်ပြုပူ​ဇော်ခဲ့ကြကာ မုဒုံမြို့နယ်၊ ကွမ်တာကျေးရွာ၊ ဇီနရံသီစာသင်တိုက်ဆရာတော် မဟာဂန္တဝါစက ပဏ္ဍိတ၊ ဘဒ္ဒန္တ နန္ဒနထံမှ ငါးပါးသီလခံယူ ​ဆောက်တည်ခဲ့ကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က သာသနာ​ရေးဆိုင်ရာကိစ္စရပ်များ လျှောက်ထားခဲ့သည်။
ထို့​နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက မဟာဂန္ထဝါစကပဏ္ဍိတ၊ မဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာကမ္မဌာနာစရိယ၊ ဂန္ထဝါစကပဏ္ဍိတ၊ သဒ္ဓမ္မဇောတိကဓဇ၊ ဆရာတော်ကြီး (၁၇) ပါးနှင့် ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီး (၁)ပါးတို့အား သာသာနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ အသီးသီးဆက်ကပ်ပူ​ဇော်ခဲ့ကြသည်။
အဲဒီ​နောက် ပြ ည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကာ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာ တရားနာယူ ကြည်ညို၍ ရေစက်သွန်းချ အမျှ ပေးဝေခဲ့ကြကာ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု”သုံးကြိမ်ရွတ်ဆိုဆုတောင်း၍  ရုပ်သိမ်းခဲ့သည်။
အဲဒီ​နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊

You may also like