
အပြည်ပြည်ဆိုင်ရာ အမျိုး သမီးများနေ့ အခမ်းအနားကို မတ်လ ၈ ရက်နေ့၊ မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူမနား၊ အမျိုးသမီးရေးရာ အဖွဲ့များ၊ NGO/ INGOများ၊ မွန်ပြည်နယ် အမျိုးရေးရာ အဖွဲ့၊ မိခင်နှင့် ကလေး စောင့်ရှေက်မှုကြီးကြပ်မှု အဖွဲ့၊ လူမှုရေး အသင်းအဖွဲ့များ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မြန်မာအမျိုးသမီးထုရဲ့ အခန်းကဏ္ဍအရေးပါမှုကို ထင်ဟပ်ပေါ်လွင်စေဖို့ အခုလိုအခမ်းအနားများ ကျင်းပခြင်းဖြစ်ပြီး ဒီလိုကျင်းပ နိုင်ခြင်းဟာလည်း နိုင်ငံတော်အနေနဲ့ အမျိုးသမီးများကို အထူးတန်ဖိုးထား အသိအမှတ်ပြုခြင်းကို ပြသရခြင်းပဲဖြစ်ပါကြောင်း၊ ကျား၊ မ တန်းတူညီမျှဖို့ နည်းပညာနဲ့ ဆန်းသစ်စို့ ဆောင်ပုဒ်နှင့်အညီ အမျိုးသမီးနဲ့အမျိုးသမီးငယ်တွေရဲ့ တစ်ဦးချင်း တန်ဖိုးကို အသိအမှတ်ပြုသလို မိသားစု၊ ရပ်ရွာနဲ့ လူ့အဖွဲ့အစည်းအတွက် ယင်းတို့ရဲ့တန်ဖိုးရှိမှုကိုလည်း အသိအမှတ်ပြုရမှာ ဖြစ်ကြောင်း၊ အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ မည်သူတစ်ဦး တစ်ယောက်မျှ မကျန်ရစ်စေဖို့ ၊ အမျိုးသမီးတိုင်း စာတတ်မြောက်ရေး၊ အသိဉာဏ်ဖွံ့ဖြိုးရေး၊ ဗဟုသုတ ပြည့်စုံစေဖို့၊ မြန်မာအမျိုးသမီးတွေရဲ့ စွမ်းဆောင်မှုတွေကို အတုယူပြီး မျိုးဆက်သစ် မြန်မာအမျိုးသမီးတွေရဲ့ ဘဝလုံခြုံမှုနှင့် စွမ်းရည်မြှင့်မား ရေးကို ဦးတည်ကြိုးပမ်းအားထုတ်ကြဖို့ တိုက်တွန်းလိုပါကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက မော်လမြိုင်မြို့၊ မူလတန်းကြိုကျောင်းများမှ သားငယ်၊ သမီးလေးများမှ တေးသရုပ်ဖော် အကအလှများဖြင့် လည်းကောင်း၊ လူငယ်သင်တန်းကျောင်းမှ သင်တန်းသားလေးများက ဗိုဗီနမ်သိုင်း သရုပ်ဖော် ဖျော်ဖြေတင်ဆက်မှုများအား လည်းကောင်း ကြည့်ရှု အားပေးခဲ့ကြသည်။
ထို့နောက်နောက် ပြည်နယ်ဝန်ကြီးချုပ်က အမျိုးရေးရာ အဖွဲ့များနှင့် မိခင်နှင့် ကလေး စောင့်ရှေက်မှု ကြီးကြပ်မှု အဖွဲ့ဝင်များ၊ ပြည်နယ်အတွင်းရှိ အသင်းအဖွဲ့ဝင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်၊ ပြည်နယ်ဝန်ကြီးများက ပြသထားသော လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းနှင့် အကြမ်းဖက်ခံရသော အမျိုးသမီးများအား တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးသည့် စင်တာ(မော်လမြိုင်)မှ အမျိုးသမီးကလေးများ၏ ထုတ်ကုန်များ၊ ပြခန်းများ၊ မွန်ပြည်နယ်၊ အမျိုးသမီးရေးရာအဖွဲ့၏ လှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံများ၊ မွန်ပြည်နယ်၊ မိခင်နှင့် ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ မှတ်တမ်းဓါတ်ပုံများကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်။
အဲဒီကမှတစ်ဆင့် ပြည်နယ်ဝန်ကြီးနချုပ်နှင့် အဖွဲ့သည် ချောင်းဆုံမြို့နယ်၊ကညှော်ကျေးရွာ၊ ကျိုက်ကော့ရွဲ့စေတီတော်မြတ်ကြီး သို့ရောက်ရှိခဲ့ကြပြီး စေတီမြတ်ကြီး မွမ်းမံပြုပြင်နေမှု အခြေအနေအား ကြည့်ရှုခဲ့ကာ ချောင်းဆုံမြို့နယ်၊ ကညှော်တိုက်ကျောင်း ဦးစီးပဓါနနာယက ဆရာတော် ဘဒ္ဒန္တ ဥူးပညာဇောတိအားဖူးညိုကြည်ညိုခဲ့ကြကာ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။
အဲဒီနောက် ကျိုက်ကော့ရွဲစေတီမြတ်ကြီး မွမ်းမံပြုပြင်နေမှု အခြေအနေအားရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က စေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံနေမှုအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။