
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်ဝန်ကြီးများသည် မတ်လ ၁၃ ရက်နေ့၊ မွန်းလွဲပိုင်းက မွန်ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ် ဦးစီးမှူးရုံး၌ မွန်ပြည်နယ်အတွင်းရှိ မြေပြင် ကွင်းဆင်းစာရင်းကောက်ယူပြီးစီးခဲ့သည့် လူဦးရေစာရင်းများအား အီလက်ထရွန်နစ် မှတ်ပုံတင်ရေးဦးစီးဌာန၏ e-ID Server အတွင်းသို့ စာရင်းထည့်သွင်းခြင်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မွန်ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာပြည်နယ် ဦးစီးမှူးက စာရင်းဇယားများအား e -ID Server အတွင်းသို့ အချက်အလက် ပြည့်စုံ မှန်ကန်စွာ ထည့်သွင်းဆောင်ရွက်ထားရှိမှုနှင့် မှတ်တမ်းများ စနစ်တကျထားရှိ၍ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
အဲဒီနောက် e-ID Serverတွင်းသို့ စာရင်းများထည့်သွင်း ဆောင်ရွက်နေမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်နေမှု အဆင့်ဆင့်အား ရှင်းလင်းတင်ပြခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။