Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း- မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ဥပဒေနှင့်အညီ နေထိုင်လျက် ရှိသော လူဦးရေစာရင်းများကို မြို့နယ်တစ်ခုနှင့်တစ်ခု အပြန်အလှန် တိုက်ဆိုင်စစ်ဆေး ဆောင်ရွက်ခြင်း(Cross Check) လုပ်ငန်းနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေး၊ ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏ အရအသုံးခန့်မှန်းခြေငွေစာရင်း တင်ပြချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး၊

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း- မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ဥပဒေနှင့်အညီ နေထိုင်လျက် ရှိသော လူဦးရေစာရင်းများကို မြို့နယ်တစ်ခုနှင့်တစ်ခု အပြန်အလှန် တိုက်ဆိုင်စစ်ဆေး ဆောင်ရွက်ခြင်း(Cross Check) လုပ်ငန်းနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေး၊ ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏ အရအသုံးခန့်မှန်းခြေငွေစာရင်း တင်ပြချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး၊

by Mon Editor
မော်လမြိုင်၊ ဒီဇင်ဘာာ၂၆
မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ဥပဒေနှင့်အညီ နေထိုင်လျက် ရှိသော လူဦးရေစာရင်းများကို မြို့နယ်တစ်ခုနှင့်တစ်ခု အပြန်အလှန် တိုက်ဆိုင်စစ်ဆေး ဆောင်ရွက်ခြင်း(Cross Check) လုပ်ငန်းနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၂၆ ရက်​နေ့၊ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ​အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းဝင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်​ရောက်သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အ​နေဖြင့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ ပြည့်စုံမှန်ကန် စေရေးအတွက် အလေးအနက်ထား ဆောင်ရွက်လျက်ရှိ​ကြောင်း၊ မဲစာရင်းများ ပြုစုနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လမှ စတင် ဆောင်ရွက်ခဲ့ပြီး မြေပြင်နှင့်တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို ၂၀၂၂ ခုနှစ်၊ မေလတွင် ပြီးစီးခဲ့ပြီဖြစ်ပါ​ကြောင်း၊ မဲစာရင်းတိကျမှန်ကန်​စေ​ရေးအတွက် လူဦး​ရေစာရင်းသည် အဓိကကျသလို သတ်မှန်အချိန်အတွင်း ပြီးစီး​ဆောင်ရွက်နိုင်ရန်လည်း အ​ရေးကြီး​ကြောင်း၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့သည် သတ်မှတ်ချက်များ နှင့်အညီ မဲစာရင်းများပြင်ဆင်ခြင်းနှင့် ဖြည့်စွက်ခြင်း ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဌာနများ ဝိုင်းဝန်းပူး​ပေါင်း ​ဆောင်ရွက်ကြရမည် ဖြစ်​ကြောင်းဖြင့် အမှာစကား ​ပြောကြားခဲ့သည်။
ထို့​နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းဝင်းမှ လူဦးရေစာရင်းများကို မြို့နယ်တစ်ခုနှင့်တစ်ခု အပြန်အလှန် တိုက်ဆိုင်စစ်ဆေး ဆောင်ရွက်ခြင်း(Cross Check) လုပ်ငန်းနှင့် စပ်လျဉ်း၍ ​ဆွေး​နွေးခဲ့ပြီး ပြည်နယ်လူဝင်မှုကြီးကြပ်​ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံး၊ ပြည်နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးစီးဌာန၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတို့မှ တာဝန်ရှိသူများမှ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြခဲ့ကြကာ တက်​ရောက်လာသူများမှ လိုအပ်သည်များကို ​ပေါင်းစပ် ​ဆွေး​နွေးညှိနှိုင်းခဲ့ကြသည်။
၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏ အရအသုံးခန့်မှန်းခြေငွေစာရင်း တင်ပြချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယ​နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ​ဆောင်ဆန်းခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်တွင် ဘဏ္ဍာရန်ပုံ​ငွေရန်ပုံ​ငွေကို သုံးစွဲမှုအ​နေဖြင့် ပြည်​ထောင်စု​ထောက်ပံ့​ငွေမှ ရ​ငွေနှင့် ပြည်နယ်၏ အခွန်​ကောက်ခံရရှိမှုမှ ရ​ငွေများအ​ပေါ် အဓိကအားဖြင့် မူတည်၍အသုံးစရိတ်ကို ပြန်လည်ခွဲဝေသုံးစွဲနေရခြင်း ဖြစ်ပါကြောင်း၊ အသုံးစရိတ်များကို လျာထားရာတွင် ​ဒေသဖွံ့ဖြိုးတိုးတက်​ရေးကို အလျင်အမြန် အထောက်အကူပြုသည့် အသုံးစရိတ်များ ကိုသာ အဓိကလျာထားရာထား ​ဆောင်ရွက်ကြရမည်ဖြစ်​ကြောင်း၊ အရအသုံးခန့်မှန်းခြေ ငွေစာရင်းခွင့်ပြုငွေအသုံးစရိတ်များကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများ နှင့်အညီစနစ်တကျသုံးစွဲကြရန် လိုအပ်သလို ရငွေများကိုလည်း လျာထားချက်အတိုင်းပြည့်မီအောင် ဆောင်ရွက်ရန်လိုအပ်သဖြင့် အမှန်တကယ်ရရှိနိုင်သည့် ရငွေများကိုသာ လျာထားကြရန် လိုအပ်ကြောင်းဖြင့် အမှာစကား​ပြောကြားသသည်။
ထို့​နောက် ပြည်နယ် အရအသုံးခန့်မှန်းခြေ ငွေစာရင်းဦးစီးဌာန ညွှန်ကြား​ရေးမှူး ဦး​အောင်ထက်မှ မွန်ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သည့် ဌာန/အဖွဲ့အစည်းများမှ အဆိုပြုတင်ပြလာသော ၂၀၂၃-၂၀၂၄ ဘဏ္ဍာ ရေးနှစ် ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေငွေစာရင်းများအား ရှင်းလင်းတင်ပြခဲ့ပြီး တက်​ရောက်လာသူများ ဖြည့်စွက်​ဆွေး​နွေး တင်ပြခဲ့ကြမှု အ​ပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ​ပေါင်းစပ်ညှိနှိုင်း ​ဆောင်ရွက်​ပေးခဲ့သည်။










You may also like