Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း- ​မော်လမြိုင်မြို့၊ ​ဇေယျာမြိုင်ရပ်ကွက်နှင့် အမှတ် (၆)  အ​ခြေခံပညာအလယ်တန်းကျောင်း၀န်းအတွင်း ပြည်သူ့အကျိုးပြု စု​ပေါင်းသန့်ရှင်း​ရေး​ဆောင်ရွက်မှုကို ကြည့်ရှုအား​ပေး

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း- ​မော်လမြိုင်မြို့၊ ​ဇေယျာမြိုင်ရပ်ကွက်နှင့် အမှတ် (၆)  အ​ခြေခံပညာအလယ်တန်းကျောင်း၀န်းအတွင်း ပြည်သူ့အကျိုးပြု စု​ပေါင်းသန့်ရှင်း​ရေး​ဆောင်ရွက်မှုကို ကြည့်ရှုအား​ပေး

by Mon Editor
မော်လမြိုင်၊ ဇန်နဝါရီ ၁၄
မွန်ပြည်နယ်အတွင်း မြို့​ပေါ်ရပ်ကွက်​များသာမက ကျေးရွာများပါမကျန်
သန့်ရှင်းသာယာ လှပ​စေ​ရေး အ​လေးထား​ ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် တာဝန်ရှိသူများသည် ဇန်နဝါရီလ ၁၄ ရက်​နေ့၊ နံနက်ပိုင်းက ​​​မော်လမြိုင်မြို့၊ ဇေယျာမြိုင်ရပ်ကွက်အတွင်း ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့နှင့် ရပ်ကွက်​နေပြည်သူများက ​စု​ပေါင်းပါဝင်သည့် ပြည်သူ့အကျိုးပြု စု​ပေါင်းသန့်ရှင်း​​ရေး ​ဆောင်ရွက်​နေမှုကို ကြည့်ရှုအား​ပေး၍ ပြည်နယ်ဝန်ကြီးချုပ်က ရပ်ကွင်အတွင်း သန့်ရှင်းသာယာလှပ​စေ​ရေးနှင့် အမှိုက်များ စနစ်တကျစွန့်ပစ်​ကြစေ​ရေး ​ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်​ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်မြို့၊ အမှတ် (၆) အ​ခြေခံပညာအလယ်တန်းကျောင်းသို့​ရောက်ရှိခဲ့ကြပြီး တာဝန်ရှိသူများနှင့်​ တွေ့ဆုံ၍ ​ပြည်နယ်ဝန်ကြီးချုပ်က စာသင်​ကျောင်းများ ဥပတိရုပ် ​ကောင်းမွန်​စေ​ရေးနှင့် ကျောင်းပုရဝုဏ် သန့်ရှင်း​စေ​ရေး တို့ကို အ​လေးထား​ဆောင်ရွက်​ကြရန် လမ်းညွှန်မှာကြားခဲ့သည်။
အဲဒီ​နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ​ကျောင်းပတ်ဝန်းကျင် သန့်ရှင်း​သာယာလှ​စေ​ရေးနှင့် ​စိမ်းလမ်းစို​ပြေ​စေ​ရေးအတွက် ကျောင်း၀န်းအတွင်း၊ အပြင်ခြုံနွယ်မြက်​ပေါင်းများအား ခုတ်ထွင်ရှင်းလင်းခြင်းနှင့် အမှိုက်များအား ရှင်းလင်း​ခြင်းဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှုတို့ကို ကြည့်ရှုအား​ပေးခဲ့သည်။
မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ ရပ်ကွက်၊ ​ကျေးရွာများတွင် သန့်ရှင်းသာယာလှပ​စေ​ရေးအတွက် ပြည်သူ့အကျိုးပြု စု​ပေါင်းသန့်ရှင်း​ရေးကို အများပြည်သူများ တစ်တက်တစ်အားပါဝင်၍ အပတ်စဉ်ပုံမှန် ​ဆောင်ရွက်လျက်ပြီး စာသင်​ကျောင်းများတွင်လည်း ​ကျောင်းသန့်ရှင်း​သာယာလှပ​စေရေးအတွက် တပ်မ​တော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ မီးသတ်ဖွဲ့နှင့် လူမှုအဖွဲ့အစည်းများမှလည်း ဝိုင်းဝန်းကူညီ ​ဆောင်ရွက်​လျက်ရှိ​ကြောင်း သိရှိရသည်။

You may also like