Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် လုံခြုံ​ရေးနှင့် နယ်စပ်​ရေးရာဝန်ကြီး ဗိုလ်မှူးကြီး​ကျော်စွာမြင့်-မွန်ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၃) တက်​ရောက်

မွန်ပြည်နယ် လုံခြုံ​ရေးနှင့် နယ်စပ်​ရေးရာဝန်ကြီး ဗိုလ်မှူးကြီး​ကျော်စွာမြင့်-မွန်ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၃) တက်​ရောက်

by Mon Editor
မော်လမြိုင်၊ ဇန်နဝါရီ  ၃
မွန်ပြည်နယ်အ​တွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ထိရောက်အောင်မြင်မှုရှိ​စေ​ရန်အတွက် ဒေသတွင်း အလားလာ​ကောင်းများရှိသည့် စီးပွား​ရေးလုပ်ငန်းများကို ဦးစား​ပေးကဏ္ဍအလိုက် အ​ကောင်အထည်​ဖော်​ ဆောင်ရွက်​ပေးလျက်ရှိရာ မွန်ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၃) ကို ယ​နေ့၊ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ​အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ် လုံခြုံ​ရေးနှင့် နယ်စပ်​ရေးရာဝန်ကြီး ဗိုလ်မှူးကြီး​ကျော်စွာမြင့်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းကော်မတီဝင်များ၊ တာဝန်ရှိသူများ တက်​ရောက်သည်။
အစည်းအ​ဝေးတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်(ကိုယ်စား) ပြည်နယ် လုံခြုံ​ရေးနှင့် နယ်စပ်​ရေးရာဝန်ကြီး ဗိုလ်မှူးကြီး​ကျော်စွာမြင့်က နိုင်ငံတော်၏ စီးပွားရေး အခြေအနေကို ပြန်လည်မြှင့်တင်နိုင်ရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံ​ငွေ မတည်ထောက်ပံ့ ငွေများဖြင့် မွန်ပြည်နယ် အတွင်းရှိ အဓိကအားဖြင့် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ၊ ငါးလုပ်ငန်းနှင့် သမဝါယမလုပ်ငန်းများကို စိစစ်အတည်ပြု၍ ​ပထမအကြိမ် ထုတ်ချေးဆောင်ရွက်ထားပြီး​ကြောင်း၊ ဒုတိယအကြိမ် ချေးငွေထုတ်ပေးမှုအ​ခြေအ​နေအရ ​ဒေသ၏လိုအပ်ချက်များ​ပေါ်တွင် မူတည်၍ ကဏ္ဍအလိုက် လုပ်ငန်းများကို မတည်​ထောက်ပံ့​ငွေထုတ်​​ပေးရန် အတည်ထုတ်​ချေးထားပြီး တတိယအကြိမ် ထပ်မံ​ချေး​ငွေရယူလိုသည့် လုပ်ငန်းများကိုလည်း စိစစ်တင်ပြကြရန်လို​ကြောင်း၊ ဒေသန္တရဖွံ့ဖြိုးတိုးတက်​ရေးကို အကျိုးပြုသည့်လုပ်ငန်းများကို ဦးစား​ပေးကဏ္ဍ အ​နေဖြင့် ဆောင်ရွက်ကြရမည်ဖြစ်သည့်အပြင် ရန်ပုံ​ငွေသုံစွဲရာတွင်ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုသည့် လုပ်ငန်းများဖြစ်​စေရန် လို​အပ်ကြောင်းဖြင့် အမှာစကား​ပြောကြားခဲ့သည်။
ထို့​နောက် တက်​ရောက်လာကြ​သော ကော်မတီဝင်မှ မွန်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံ​ငွေဖြင့် အ​ကောင်အထည်​ဖော် ဆောင်ရွက်ထားရှိသည့် လုပ်ငန်း အ​ခြေအ​နေများ၊ နိုင်ငံစီးပွားမြှင့်တင်​ရေးရန်ပုံ​ငွေမှ မတည်​ထောက်ပံ့​ငွေများ ထုတ်​ချေးထားမှုအ​ခြေအ​နေများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများမှ ဖြည့်စွက်​အကြံပြုဆွေး​နွေးကြကာ လိုအပ်သည်များကို ​​ပေါင်းစပ်ညှိနှိုင်း​ ​​ဆောင်ရွက်ခဲ့ကြသည်။

You may also like