
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံလွှင့်တင်ခြင်းနှင့် အလေးပြုခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ မောရဝတီပန်းခြံတွင် ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။
ရှေ့ဦးစွာနိုင်ငံတော်အလံတင်အဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ စစ်ခရာအဖွဲ့မှ ကွင်းအတွင်းနေရာယူ၍ နိုင်ငံတော်အလံအားလွှင့်ထူခဲ့ပြီးအဲနောက်မှာတော့ တက်ရောက်လာသူများမှနိုင်ငံတော်အလံ အားအလေးပြုခြင်းနှင့် ကျဆုံးလေပြီးသောခေါင်းဆောင်ကြီးများအားအလေးပြုခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ အခမ်းအနားသို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဂုဏ်ပြုတပ်ခွဲနှင့် စစ်တီးဝိုင်းတို့က ကွင်းအတွင်းသို့ ချီတက်နေရာယူခဲ့ကြပြီး အရှေ့
တောင်တိုင်းစစ်ဌာနချုပ် ဂုဏ်ပြုတပ်ခွဲမှ မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအား အလေးပြုခဲ့ကြသည်။
ဆက်လက်၍ နိုင်ငံတော်အလံအားအလေးပြုခြင်းနှင့် ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများအား အလေးပြုခြင်းတို့ ဆောင်ရွက်ခဲ့ကြကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်က ဖတ်ကြားခဲ့ပြီး ဂုဏ်ပြုတပ်ခွဲမှ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြပါတယ်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်အမှတ် ပြည်နယ်ဂုဏ်ဆောင်ဆုများ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမတွင်ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်က မွန်ပြည်နယ်မှာ ပြည်သူများရဲ့ လိုလားချက်ဖြစ်တဲ့ တည်ငြိမ် အေးချမ်းပြီး တရားဥပဒေစိုးမိုးရေးကို အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုဘဝမှာ ငြိမ်းချမ်းတယ်ဆိုတာ လူတစ်ဦးတည်းသာမက လူတစ်ဖွဲ့၊ လူတစ်စု တစ်နိုင်ငံသားလုံးဟာ မိမိတို့ရဲ့ ဘဝရပ်တည်ဖို့ အသက်မွေး ဝမ်းကျောင်းဖို့ အလုပ်လုပ်စီးပွားရှာရာမှာ သက်အန္တရာယ်ကိုလည်းကောင်း၊ မိမိတို့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခု ဆုံးရှုံးရမှာကို သော်လည်းကောင်း၊ စိုးရိမ်ပူပန်စရာ တစ်စုံတစ်ခုမှမရှိစေပဲ အလုပ်လုပ်နိုင်စီးပွားရှာနိုင်မယ်ဆိုရင် ဒီဒေသ၊ ဒီနယ်မြေ၊ ဒီပြည်နယ်၊ ဒီနိုင်ငံဟာ ငြိမ်းချမ်းရေး တကယ်ရလို့ပဲ ဖြစ်ကြောင်း၊ မွန်ပြည်နယ်အတွင်း နေထိုင်ကြတဲ့ လူထုအပေါင်းဟာ ငြိမ်းချမ်းရေးရဲ့အရသာကို ခံစားနိုင်အောင် အားလုံး ဆက်လက်ဆောင်ရွက်သွားကြဖို့ လိုအပ်ကြောင်း၊ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်(၅)ရပ်ကို အလေးအနက်ခံယူပြီး တာဝန်သိသိ သစ္စာရှိရှိဖြင့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးဆီကို သွေးစည်းညီညွတ်စွာ လက်တွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားကြပါလို့ ချစ်ကြည်လေးစားစွာ တိုက်တွန်းလိုကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားပေးခဲ့ပါတယ်။
ထို့နောက် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်အမှတ် ပြည်နယ်ဂုဏ်ဆောင်ဆု ရရှိသူများအား ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများမှ ပြည်နယ်ဂုဏ်ဆောင်ဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
(၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဆုချီးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်၍ ဌာနဆိုင်ရာ အားကစားအသင်းများမှ လွန်ဆွဲအားကစားပွဲ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
အဲဒီနောက် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများအဖြစ် စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲနှင့် ထုပ်ဆီးတိုးပြိုင်ပွဲများ တွင် ပထမ၊ ဒုတိယ၊ ပူးတွဲတတိယဆုရရှိခဲ့ကြသည့် ဌာနဆိုင်ရာ အားကစားအသင်းများကို ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများမှ ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။