Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် လုံခြုံ​ရေးနှင့် နယ်စပ်​ရေးရာဝန်ကြီး ဗိုလ်မှူးကြီး​ကျော်စွာမြင့်- မွန်ပြည်နယ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာန ဆိုင်ရာ ပြခန်းများနှင့် အသေးစား / အငယ်စား/အလတ်စား ထုတ်ကုန် အရောင်းပြခန်း ပိတ်ပွဲအခမ်းအနား တက်​ရောက်၊ သမိုင်းဝင် ​ပေါင်မြို့နယ်၊ ကျိုက်ဖျဉ်ကူ ​စေတီ​တော်မြတ်ကြီး စိန်ဖူး​တော်၊ ငှက်မြတ်နား​တော် တင်လှူပူ​ဇော်

မွန်ပြည်နယ် လုံခြုံ​ရေးနှင့် နယ်စပ်​ရေးရာဝန်ကြီး ဗိုလ်မှူးကြီး​ကျော်စွာမြင့်- မွန်ပြည်နယ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာန ဆိုင်ရာ ပြခန်းများနှင့် အသေးစား / အငယ်စား/အလတ်စား ထုတ်ကုန် အရောင်းပြခန်း ပိတ်ပွဲအခမ်းအနား တက်​ရောက်၊ သမိုင်းဝင် ​ပေါင်မြို့နယ်၊ ကျိုက်ဖျဉ်ကူ ​စေတီ​တော်မြတ်ကြီး စိန်ဖူး​တော်၊ ငှက်မြတ်နား​တော် တင်လှူပူ​ဇော်

by Mon Editor
မော်လမြိုင်၊ ဇန်နဝါရီ ၅
မွန်ပြည်နယ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာန ဆိုင်ရာ ပြခန်းများနှင့် အသေးစား / အငယ်စား/အလတ်စား ထုတ်ကုန် အရောင်းပြခန်း ပိတ်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၄ ရက်​နေ့၊ ည​နေပိုင်းက မော်လမြိုင်မြို့၊ မြစ်ကမ်းသာ အားကစားကွင်း၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ တက်​ရောက်သည်။
ဦးစွာ ပြခန်းများအား လှည့်လည်ကြည့်ရှု အား​ပေးခဲ့ကြပြီး (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာန ဆိုင်ရာ ပြခန်းများနှင့် အသေးစား / အငယ်စား/အလတ်စား ထုတ်ကုန် အရောင်းပြခန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသည့် ဌာနဆိုင်ရာပြခန်းများအား ပြည်နယ် လုံခြုံ​ရေးနှင့် နယ်စပ်​ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီး ချီးမြှင့်ခဲ့ကြသည်။
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမ ​တောင်ရိုးတန်းတွင် တည်ထားကိုးကွယ်​တော်မူ​သော ​ရှေး​ဟောင်းဘုရား (၁၆) ဌာန  သမိုင်းဝင် ​စေတီ​တော်များအနက်မှ သမိုင်းဝင် ကျိုက်ဖျဉ်ကူ ​စေတီ​တော်မြတ်ကြီး စိန်ဖူး​တော်၊ ငှက်မြတ်နား​တော် တင်လှူပူ​ဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယ​နေ့နံနက်ပိုင်းက ​စေတီ​တော်မြတ်ကြီး ရင်ပြင်​တော်​​ပေါ်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် လုံခြုံ​ရေးနှင့် နယ်စပ်​ရေးရာဝန်ကြီး ဗိုလ်မှူးကြီး​ကျော်စွာမြင့်နှင့် တာဝန်ရှိသူများမှ တက်​ရောက်၍ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး မော်လမြိုင်မြို့၊ မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓါန နာယကဆရာတော် (အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဝိမလဗုဒ္ဓိ အရှင်သူမြတ်ထံမှ ရှစ်ပါးသီလခံယူ​ဆောက်တည်ခြင်း၊ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်မူသော ပရိတ် တရားတော်များ နာယူကြည်ညိုခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းတို့ ​ဆောင်ရွက်ခဲ့ကြကာ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာ တရားနာယူ ကြည်ညိုပြီး ရေစက်သွန်းချ အမျှ ပေးဝေခဲ့ကြသည်။
ထို့နောက် ​စေတီ​တော်​ပေါ်သို့ တင်လှူပူ​ဇော်မည့် စိန်ဖူး​တော်၊ ငှက်မြတ်နား​တော်တို့အား စေတီ​တော် လက်ယာရစ် သုံးပတ်လှည့်လည် ပင့်​ဆောင်၍ မင်္ဂလာအချိန်တွင် စိန်ဖူး​တော်၊ ငှက်မြတ်နား​တော်တို့အား မင်္ဂလာရထားပျံဖြင့် ​စေတီ​တော်မြတ်ကြီး​ပေါ်သို့ ပင့်​ဆောင်ခဲ့ပြီး ဆရာ​တော်ကြီးများမှ ဦးစီးအမှူးပြု၍ ပြည်နယ် လုံခြုံ​ရေးနှင့် နယ်စပ်​ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ​စိန်ဖူး​တော်၊ ငှက်မြတ်နား​တော် တင်လှူပူ​ဇော်ခြင်းတို့ကို ​ဆောင်ရွက်ခဲ့ကြသည်။


















You may also like