Home နောက်ဆုံးရသတင်းများ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း- ၂ဝ၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် ချီးမြှင့်ခဲ့ပြီးဖြစ်သည့် မွန်ပြည်နယ်မှ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများအား ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနား တက်ရောက်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း- ၂ဝ၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် ချီးမြှင့်ခဲ့ပြီးဖြစ်သည့် မွန်ပြည်နယ်မှ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများအား ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနား တက်ရောက်

by Mon Editor

မော်လမြိုင်၊ ဇန်နဝါရီ ၁၁
၂ဝ၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် ချီးမြှင့်ခဲ့ပြီးဖြစ်သည့် မွန်ပြည်နယ်မှ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများအား ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို ဇန်နဝါရီလ ၁၁ ရက်​နေ့၊ မွန်းလွဲပိုင်းက ​မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်းနှင့် ဇနီး၊ အ​ရှေ့​တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်တရားလွှတ်​တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်​တော်များတက်​ရောက်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ​ပြောကြားရာတွင် အမိနိုင်ငံ​တော်ကြီး လွတ်လပ်ရေးပြန်လည်ရရှိရန်အတွက် နှစ်ပေါင်း(၁၀၀)ကျော်ကြာ အမျိုးသားခေါင်းဆောင်ကြီးများနှင့် တိုင်းရင်းသားအားလုံး ဇွဲ၊ လုံ့လ၊ သတ္တိအပြည့်နှင့် စွန့်လွှတ်စွန့်စားပြီး ညီညီညွတ်ညွတ်ကြိုးစားခဲ့ကြသဖြင့် လွတ်လပ်ရေးကို ရရှိခဲ့ခြင်းဖြစ်​ကြောင်း၊ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာသည် နိုင်ငံသားအားလုံး၏ အသက်ခန္ဓာပင်ဖြစ်သည့် အား​​လျော်စွာ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များကို အလေးအနက် ခံယူပြီး တိုင်းရင်းသားအားလုံး ဥမကွဲသိုက်မပျက် သွေးစည်းညီညွတ်စွာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ကြရန် လိုအပ်ပါ​ကြောင်း၊ တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော် ဖြစ်စေရန် ဘက်စုံ၊ ထောင့်စုံမှ တည်ဆောက်သည့်နေရာတွင် နိုင်ငံတော် လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတော်တည်ဆောက်ရေး တာဝန်များကို အများထက် ထူးကဲသာလွန်စွာ ကြိုးစားဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များကို ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်​ကြောင်း၊ ယခုရရှိခဲ့သည့် ဂုဏ်ထူးဆောင်ဘွဲ့ များသည် မိမိတို့ဖြတ်သန်း ခဲ့ရသည့် ခက်ခဲကြမ်းတမ်းသောဘဝကို အောင်မြင်စွာ ကျော်လွှားနိုင် ခဲ့ကြသည့် မိမိတို့ စွမ်းဆောင်ရည်များကို နိုင်ငံတော်က မှတ်ကျောက် တင်ခြင်းခံခဲ့ရသော သင်္ကေတအမှတ်အသားတစ်ခု ဖြစ်သည့်အတွက် ကိုယ်တိုင်ဂုဏ်ထူး​ဆောင်ဆုအား တက်ရောက်ချီးမြှင့်ကို ခံယူနိုင်ခြင်း မပြုနိုင်တော့သည့် ပုဂ္ဂိုလ်များအနေဖြင့်လည်း သားစဉ်မြေးဆက် ဂုဏ်ယူစရာဖြစ်ပါကြောင်းနှင့် နိုင်ငံတော်နှင့် ပြည်သူများကိုယ်စား လေးစားဂုဏ်ယူပါကြောင်းဖြင့် အ​လေးအနက်ထား​ပြောကြားလို​ကြောင်း၊ မိမိတို့၏ ဘဝတစ်သက်တာအတွင်း တိုင်းပြည်အတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့မှုများကို ယခုကဲ့သို့ မှတ်တမ်းတင် ဂုဏ်ပြုချီးမြှင့်ခြင်း ခံရသကဲ့သို့ ဆက်လက်ပြီး အနာဂတ်ကာလတွင်လည်း နိုင်ငံတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေး၊ အေးချမ်းသာယာရေး၊ ခေတ်မီဖွံ့ဖြိုး တိုးတက်ရေးအတွက် မိမိတို့၏ သားစဉ်မြေးဆက်များကိုပါ ယခုကဲ့သို့ ကြိုးပမ်းဆောင်ရွက်စေရန် စံနမူနာကောင်းများပြကြပါလို့ တိုက်တွန်းဖြင့် အမှာစကား​ပြောကြားခဲ့သည်။
ထို့​နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့မှ မွန်ပြည်နယ်မှ ဂုဏ်ထူးဆောင်ဘွဲရှိသူများဖြစ်ကြသည့် သီရိပျံချီဘွဲ့ရရှိသူ ဦးအုံး​ကျော်နှင့် ဝဏ္ဏ​ကျော်ထင်ဘွဲ့ရရှိသူ နိုင်​​ရွှေကျင်တို့ ကိုယ်စား ယင်းတို့၏ မိသားစုဝင်များကို ဂုဏ်ထူးဆောင်ဘွဲ့များ အသီးသီး ​ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အမှတ်တရ စု​ပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

You may also like